top of page

ကောင်းကင်ပေါ်က နေဆယ်စင်း (Legend of Hou Yi)


ACE Fair Games Union
Legend of Hou Yi

ဟိုးရှေးရှေးတုန်းက ကောင်းကင်မှာ နေလုံးစင်းရှိခဲ့သည်။ သူတို့အားလုံး နေ့တိုင်း ကောင်းကင်ပေါ်တွင် အလှည့်ကျ ဖြတ်သန်းခဲ့ကြတယ်။ ကမ္ဘာပေါ်ရှိလူများသည် ဤကဲ့သို့ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြပြီး နေထွက်ချိန်တွင် လယ်များကို ပျော်ရွှင်စွာ ထွန်ယက်ကာ နေဝင်ချိန်၌ အနားယူရန် အိမ်ပြန်ခဲ့ကြသည်။

သို့သော် နေဆယ်စင်းသည် အဆုံးမဲ့သံသရာကို ငြီးငွေ့လာခဲ့သည်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့အားလုံး ကောင်းကင်မှာ အတူတကွ ပေါ်လာခဲ့ပါတယ်။ နေဆယ်စင်းသည် တောက်လောင်နေသောမီးတောက်များကဲ့သို့ ထွန်းလင်းပြီး နေများဆီကအပူဓာတ်သည် ကမ္ဘာမြေကြီးကို လောင်မြိုက်စေသည်။ ကောက်ပဲသီးနှံများနှင့် အိမ်များအားလုံးကို ပြာကျစေပြီး မြစ်ချောင်းအင်းအိုင်များ အားလုံးကို ခန်းခြောက်စေခဲ့သည်။ နေရောင်ခြည်အောက်မှာ လူတွေဟာ ဆာလောင်မွတ်သိပ်မှုနဲ့ ရေဓာတ်ခန်းခြောက်မှုတွေကြောင့် သေဆုံးနေကြရသည်။ ကောင်းကင်ပေါ်မှ ဧကရာဇ်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆိုးရွားလှသော ပျက်စီးဆုံးရှုံးမှုကို မြင်ပြီး သူ၏စစ်သူကြီးဖြစ်တဲ့ Hou Yi အား နေများကို မောင်းထုတ်ရန် အမိန့်ပေးခဲ့သည်။ Hou Yi(Legend of Hou Yi) က လူတွေကို ကယ်တင်ဖို့ ကောင်းကင်မှာရှိတဲ့ နေကိုးစင်းကို ပစ်ချဖို့ ဆုံးဖြတ်လိုက်သညါ။ ထို့ကြောင့် Hou Yi သည် အမြင့်ဆုံးတောင်ထိပ်သို့ တက်ကာ လေးမြှားများကို ကောင်းကင်ရှိ နေကိုးစင်းကို မြှာပေါင်းတစ်ထောင် ပစ်လွှတ်လိုက်သည်။ ထိုအချိန်မှစ၍ ကောင်းကင်၌ နေတစ်စင်းတည်းသာ တည်ရှိပြီး နေ့တိုင်း အရှေ့မှထွက်ကာ အနောက်ဘက်သို့ ဝင်သွားလေသည်။



Comentários


bottom of page