top of page

အားကစားနှင့် လောင်းကစား

အားကစားနှင့် လောင်းကစား

အားကစားကို လောင်းကစား အသွင်ပြောင်းလာခြင်းသည် နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီသည့် လောင်းကစားပွဲ ကြီးများဖြစ်လာသည်။ ဘိုးလင်းလှိမ့်ပွဲမှ သည် ကမ္ဘာ့ဘောလုံးပွဲများအထိ ဒေါ် လာဘီလီယံနှင့်ချီပြီး လောင်းကစား မှုပြုလာကြသည်။ တရားဝင်အသွင် သာမက တရားမဝင်သည့် အသွင်များ နှင့်ပါ ကမ္ဘာအနှံ့ လောင်းကစားမှုပြု လာကြခြင်းဖြစ်သည်။ အားစားကို လောင်းကစားအသွင်ဖြင့် မပြုလုပ်ရန် တင်းကျပ်စွာ တားမြစ်နှိပ်ကွပ်ကြသော် လည်း အချို့သောနိုင်ငံများတွင် အား ကစား လောင်းကြေးကို ကုမ္ပဏီကြီး များအသွင် ဒိုင်ဖွင့်ကာ လုပ်ပိုင်ခွင့်ပေး ထားသည်များလည်းရှိသည်။ အင်တာ နက်တွင် လောင်းကစားနိုင်သည့် Site များ များစွာရှိပြီး ကမ္ဘာပတ်ကာ ကစား နိုင်သည်ဖြစ်သောကြောင့် အားကစား တွင် လောင်းကစားခြင်းသည် ပိုမို ကျယ်ပြန့်လာရသည်။

အမေရိကန်နိုင်ငံတွင် အားကစားကို တရားဝင်လောင်းကစားခွင့်အား နီဗားဒါးပြည်နယ်တစ်ခုတွင်သာ ခွင့်ပြု ထားသည်။ ထိုသို့ ခွင့်ပြုရခြင်းသည် တရားဝင်လောင်းကစားခွင့်ကို ခွင့်မပြု သည့်အခါ တရားမဝင် ကစားလာကြ ပေလိမ့်မည်။ ထိုအချိန်တွင် လာဘ်ထိုး မှုများ၊ လောင်းကြေး မလျော်သဖြင့် ဖြစ်ပေါ်လာမည့် ပြဿနာများကို ကြို တင် ကာကွယ်တားဆီးသည့် အနေဖြင့် ခွင့်ပြုရခြင်း ဖြစ်သည်ဟုဆိုသည်။ သို့ သော် အားကစားအသင်းအဖွဲ့ကြီးများ အနေဖြင့် မိမိတို့ အားကစားသမားများ ကို လောင်းကစားနှင့် လုံး၀ကင်းရှင်း စေရန် စာချုပ်စာတန်းများဖြင့် စီမံအုပ် ချုပ်ထားလေ့ရှိသည်။

တရားဝင်အားကစား လောင်းကစားမှုများထဲမှ ထင်ရှားသည်မှာ မြင်း ပြိုင်ပွဲဖြစ်သည်။ မြို့ကြီးတိုင်းလိုလိုတွင် မြင်းပွဲကို သဲကြီးမဲကြီး လောင်းကစား ကြသည်။ ၂၀၀၀ ပြည့်နှစ်အလွန်အထိ အမေရိကန်နိုင်ငံတွင် မြင်းပြိုင်ကွင်း ပေါင်း ၁၅၀ ကျော်ရှိသည်။ မြင်းလောင်းခြင်းသည် ရရှိသည့်အမြတ်ကို ခွဲဝေပေးသည့်သဘောဖြစ်သည်။ ဥပမာ လောင်းကြေးငွေများကို ရသမျှ အလယ်ပုံထည့်ထားပြီးမှ နိုင်သူများကို ခွဲဝေပေးသည်။ အလေးပေး၊ အကျော ပေးခြင်းသည် လောင်းသည့်မြင်းအပေါ် တွင်မူတည်သည်။ အများဆုံးအလောင်း ခံရသည့်မြင်းသည် အကျောအနည်း ငယ်သာရရှိမည်ဖြစ်သည်။ အကျော နည်းသည့်မြင်းသည် နိုင်လျှင်လည်း လောင်းကြေးအရ နည်းမည်သာ ဖြစ် သည်။ အမေရိကန်နိုင်ငံတွင် နှစ်စဉ် မြင်းလောင်းသည့် ငွေကြေးပမာဏ သည် ဒေါ်လာ ၁၆ ဘီလီယံခန့်ရှိသည်။

ခွေးပြိုင်ပွဲသည်လည်း မြင်းပြိုင်ပွဲ ကဲ့သို့ နှစ်ဦးသဘောတူ လောင်းကြေး ထပ် ကစားနည်းတစ်မျိုးဖြစ်သည်။ သို့သော် မြင်းပွဲလောက် ကျယ်ပြန့်မှု မရှိပေ။ အခြားတိရစ္ဆာန် ပြိုင်ပွဲများ ဖြစ်သည့် ကြက်တိုက်ပွဲ၊ နွားတိုက်ပွဲ ကဲ့သို့သော ပြိုင်ပွဲများလည်း ရှိသေး သည်။ သို့သော် တိရစ္ဆာန်ညှင်းပမ်း နှိပ်စက်မှုကို တားမြစ်ထားသည့် ဥပဒေ များကြောင့် ထင်ထင်ပေါ်ပေါ် သိပ် မလုပ်ဝံ့သည့် လောင်းကစားပွဲများ အဖြစ်သာရှိနေသည်။ တိရစ္ဆာန်များဖြင့် လောင်းကစားခြင်းကို အမေရိကန်တွင် တားမြစ်ထားသည့် ပြည်နယ်များရှိ သကဲ့သို့ ဘာသာရေးနှင့် ယဉ်ကျေးမှု အရ ခွင့်မပြုသည့် နိုင်ငံအများအပြား ရှိသည်။



ACE FAIR GAMES UNION
Sports and Gambling



Comments


bottom of page