top of page

Baseball ကစားခြင်းနဲ့ ကစားနည်း


Baseball was introduced by Abner Doubleday, a general during the American Civil War, in New York State in 1839. Invented in Cooperstown.
Baseball

Baseball ကစားခြင်းကို အမေရိကန်ပြည်တွင်းစစ် အတွင်းက ဗိုလ်ချုပ်ဖြစ်ခဲ့သူ အက်ဗနာ ဒူဗယ်ဒေး ဆိုသူသည် ၁၈၃၉ ခုနှစ်တွင် နယူးယော့ပြည်နယ်၊ ကူးပါးစတောင်းမြို့၌ စတင်တီထွင်ခဲ့သည်။ 


Baseball ကစားသည့်အခါ ကွင်းကြီး၏အလယ် အတွင်းကစားကွင်းတဝိုက်တွင် ဗဟိုပြု ကစားကြသည်။ အတွင်းကစားကွင်းသည် ဘေးအနား တစ်ဖက်လျှင် ပေ ၉၀ ရှည်သည်။ ထောင့် ၄ ထောင့်ရှိသည့် အနက် ၃ထောင့်ကို ပထမ အခြေခံထောင့်၊ ဒုတိယအခြေခံထောင့်၊ တတိယအခြေခံထောင့် ဟု ခေါ်သည်။ ကျန်ထောင့်တထောင့်ကို အင်္ဂလိပ်ဘာသာဖြင့် Home Plate ခေါ်၍ ဗက်တံကိုင်နေသော နေရာဖြစ်သည်။


ဗက်တံကိုင်နေရာနှင့် ဒုတိယအခြေခံထောင့်သည် ၁၂ ပေ ၉ လက်မခွဲ ဝေးသည်။ ဗက်တံကိုင် နေရာနှင့် ဒုတိယအခြေခံထောင့်ကို ပေ ၏၁၁၅ ပေနှင့် ၁၁ လက်မခွဲ ထားသည်။ ဗေ့စဘော ကစားရာ၌ အနည်းဆုံး ဒိုင်လူကြီး တစ်ယေက်၊ အများဆုံး ၄ ယောက်ထားနိုင်သည်။ ဒိုင်လူကြီး ချုပ်သည် ဘောလုံးပစ်သူ၏ အနောက်တွင် နေ၍ ကျန် ၃ ယောက်မှာ ပထမအခြေခံထောင့်၊ ဒုတိယအခြေခံထောင့်၊ ဘောလုံးဖမ်းသူ နောက်တို့တွင် နေ၍ ကြည့်ရသည်။ ဗေ့စဘောကစားရာတွင် အသင်း၂ သင်း ယှဉ်ပြိုင်ကစားရ၍ တသင်းလျှင် ၉ ယောက်စီ ပါဝင်ရသည်။ ယင်းတို့မှာ ဘောလုံးပစ်သူ၊ ဘောလုံးဖမ်းသူ၊ ပထမအခြေခံထောင့်လူ၊ ဒုတိယအခြေခံထောင့်လူ၊ တတိယအခြေခံထောင့်လူ၊ ဒုတိယနှင့် တတိယအခြေခံနှစ်ခုကြား ဘောဖမ်းလူ၊ ဘောဖမ်းကွင်း ဗယ်လူ၊ ဘောဖမ်းကွင်းအလယ်လူ၊ ဘောဖမ်းကွင်း ယာလူတို့ ဖြစ်သည်။ ကစားပွဲ စသောအခါ တဖက်အသင်းက ကွင်းထဲသို့ ဆင်း၍ နေရာယူပြီးနောက်၊ ကျန်အသင်းမှ ကစားသူများက ဘောလုံးကို ဗက်တံနှင့် တလှည့်စီ ရိုက်ကြရသည်။ မိမိအလှည့်မကျမီ ကွင်းပြင်ထွက်၍ ထိုင်စောင့်ရသည်။


ကွင်းထဲမှ ကစားသူသည် လက်တဖက်ကို သားရေလက်အိတ် စွပ်ထားရသည်။ ဘောလုံးဖမ်းသူသည် ရိုက်သူနောက်တွင် နေရ၍ အရှိန်ပြင်းစွာနှင့် လာသော ဘောလုံးကို ဖမ်းနိုင်ရန်ပို၍ ထူထူခံထားသော လက်အိတ်စွပ်ထားရသည်။ ဘောလုံးပစ်သူသည် ဘောလုံးပစ်လွှတ်ချိန်တွင် သတ်မှတ်ထားသော နေရာကွက်ကို မိမိခြေတဖက်ဖြင့် နင်းမိထားစေ ရသည်။ ဘောလုံးပစ်သူသည် ဘောလုံးကို ဗက်တံကိုင်၏ ဒူးအောက်လည်းမကျ၊ ပခုံးပေါ်လည်း မကျော်စေဘဲ ပစ်ပေးမှ စနစ်မှန်ဘောလုံးဟု ခေါ်သည်။ စနစ်မှတ်ဘောလုံး ဖြစ်ပါလျက်နှင့် ဗက်တံကိုင်က ဘောလုံးကိုဆီး၍ မရိုင်ဘဲ ရပ်နေလျှင်ဖြစ်စေ၊ ဘောလုံးကို ဗက်တံကိုင်က ရိုက်ပါလျက်နှင် မမိလိုင်လျှင်ဖြစ်စေ ဒိုင်လူကြီးက စထရိုက်ဟုခေါ်၍ အဆုံးအဖြတ်ပေးသည်။ Strike  ၃ ခါ ခေါ်ရလျှင် ဗက်တံကိုင်ထွက်ရသည်။ သို့သော်လည်း တတိယအကြိမ် စထရိုက် ခေါ်သည်တွင် ဖမ်းသူလက်မှ ဘောလုံးလွတ်ကျခဲ့သည်ရှိသော် ဗက်တံကိုင် ထွက်ပေးရန်မလိုချေ။ ဗက်တံကိုင် ရိုက်လိုက်သော ဘောလုံးသည် Home Plate မှ ပထမအခြေခံနှင့် တတိယအခြေခံတို့ကို ဖြတ်၍ ကွင်းပြင်ထဲသို့ တိုင်အောင် ဆန့်ထွက်သော နယ်နမိတ်မျဉ်း နှစ်ကြောင်းအကြားကို ဖြတ်ကျော်စေရသည်။


ထိုမျဉ်းနှစ်ကြောင်း အပြင်သို့ အန်ထွက်သော ဘောလုံးမှန်သမျှမှာ စနစ်မှန်ဘောလုံး မဟုတ်သဖြင့် Strike ဟူ၍ အခေါ်ခံရမည်ဖြစ်သည်။ အကယ်၍ ဘောလုံးသည် ဗက်တံကိုင် ဒူးအောက်မှဖြစ်စေ၊ ပခုံးပေါ်သို့ကျော်၍ဖြစ်စေ၊ Home Plate အပြင်မှ ဖြစ်စေ ဖြတ်သွားလျှင် ဒိုင်လူကြီးက ဘော ဟု အော်ရသည်။ “ဘော” ၄ ကြိမ်ဖြစ်လျှင် ဗက်တံကိုင်သည် ပထမအခြေခံထောင့်သို့ အတားအဆီးမရှိ သွားနိုင်သည်။ ကွင်းထဲရှိ ဘောလုံးကစားသူများ ရိုက်လိုက်သော ဘောလုံးကို တဘက်သားက မြေသို့ မကျမီ ဖမ်းမိလျှင် ရိုက်သူထွက်ရသည်။ ရိုက်သူ ပထမအခြေခံထောင်သို့ မရောက်မီ၊ ဘောလုံးရသူ တဖက်သားက ထိုထောင့်သို့ အရောက်ဦးနေလျှင်လည်း ရိုက်သူထွက်ရသည်။


ဤနည်းဖြင့် ဘောလုံးရိုက်ရသည့်ဖက်မှ ၃ယောက် ထွက်ရသည်အထိ ဆက်လက်ကစားကြသည်။ ၃ယောက်ဆက်၍ ထွက်ရလျှင် တဖက်နှင့်နေရာ တလှည့်ပြောင်း၍ ကစားကြရသည်။ တဖက်လျှင် ဘောလုံးရိုက်လှည့် တလှည့်ကျရပြီးသော အခါ တချီပြီးပြီဟု မှတ်ယူရသည်။ တပွဲတွင် ၉ ချီအထိ ကစားလေ့ရှိသည်။ သရေပွဲဖြစ်လျှင် ဆက်ကစားရသည်။ အမေရိကန်ပြည်ထောင်စုတွင် ကြေးစားဗေ့စဘော အသင်းများ တည်ထောင်၍ နှစ်စဉ် ဧပြီလအလယ်မှ အောက်တိုဘာလဆန်းအထိ ယှည်ပြိုင် ကစားကြလေသည်။



4 views0 comments

Comments


bottom of page