top of page

Chinese New Year - တရုတ်ရာသီခွင်အကြောင်း


Chinese New Year ‌Girl with Chinese Zodiac
Chinese New Year

တစ်ကမ္ဘာလုံးမှာရှိတဲ့ တရုတ်လူမျိူးတွေသည် နှစ်သစ်ကူးကို ဗြောက်အိုးဖောက်တာတွေ၊ ခေါင်းလောင်း တီးတာတွေ အပါအဝင် အလင်းရောင်နဲ့ အသံပေါက်ကွဲမှုတွေနဲ့ မကောင်းဆိုးဝါးတွေကိုမောင်းထုတ်တဲ့အနေနဲ့ ကျင်းပကြတာကို တွေ့ရပါတယ်။ နှစ်သစ်ကူး အကြိုညမှာတော့ ညစာအတူစားဖို့ တရုတ်လူမျိုး မိသားစုဝင်တွေက စုစည်းကြပြီး နှစ်သစ်ကူးရက်မှာ ကံဆိုးမှုတွေ ဖယ်ခွာ စေဖို့အတွက် သူတို့ရဲ့ အိမ်တွေကို ပစ္စည်းအဟောင်းတွေပစ်ကြ သန့်ရှင်းရေးလုပ်ကြပါတယ်။နောက်ပြီး ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ ကလေးငယ်တွေကို ကံကောင်းစေတဲ့ ငွေကြေးတွေထည့်ထားတဲ့ အနီရောင် စာအိတ်တွေ ပေးကြပြီး နှစ်သစ်ကူးရက်အတွက် ဆုမွန်ကောင်းတောင်း ပေးကြပါတယ်။ တချို့လူငယ်တွေဆီမှာဆိုရင် အနီရောစာအိတ် App တွေ ရှိနေပြီဖြစ်ပြီး သူတို့ရဲ့ ဆွေမျိုးတွေက “အမ်ပေါင်း”လို့ခေါ်တဲ့ ငွေကြေးကို အွန်လိုင်းကနေ လွှဲပြောင်းပေးနိုင်ကြပါပြီ ။၂၀၂၄ ခုနှစ်ဟာ တရုတ်ရိုးရာ ပြက္ခဒိန်အရဆိုရင် နဂါးနှစ်ဖြစ်ပါတယ်။ အာရှ နက္ခတ္တဗေဒညာအရ ကျနော်တို့မွေးဖွားတဲ့ ခုနှစ်ကို ကိုယ်စားပြုတဲ့ တိရိစ္ဆာန်ဟာ ကျနော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။

တရုတ်ရိုးရာရာသီခွင် ဒါမှမဟုတ် Shengxiao ခေါ်တဲ့ မွေးဖွားတဲ့ ရာသီခွင်ဟာ ဆယ့်နှစ်နှစ်ကို တကြိမ် ပြန်လည် ကျရောက်လေ့ ရှိပါတယ်။ နှစ်တစ်နှစ်ကို စိုးမိုးတဲ့ တိရိစ္ဆာန်ဟာ တရုတ်နှစ်သစ်ကူး အစရက်မှာ ပြောင်းလဲပြီး အဲဒီ တိရိစ္ဆာန်တွေနဲ့ပဲ ခုနှစ်ကို သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တရုတ်နှစ်သစ်ကူး(Chinese New Year)ကိုတော့ လပြက္ခဒိန်ရဲ့ ဖော်ပြမှုနဲ့ နှစ်တနှစ်ရဲ့ ဇန်နဝါရီလ၂၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ၂၀ ရက်နေ့ကြားမှာ ပြောင်းလဲ ကျင်းပလေ့ရှိပါတယ်။ တရုတ်ရိုးရာ ရာသီခွင်အရ သင်ရော ဘယ်နှစ်ဖွားလဲဆိုတာ သိလိုသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ (တရုတ်ရာသီခွင်အကြောင်း)

• ကြွက်နှစ် 👉 1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020, 2032

• နွားနှစ်  👉  1925, 1937, 1949, 1961, 1973, 1985, 1997, 2009, 2021, 2033

• ကျားနှစ်  👉  1926, 1938, 1950, 1962, 1974, 1986, 1998, 2010, 2022, 2034

• ယုန်နှစ်  👉  1927, 1939, 1951, 1963, 1975, 1987, 1999, 2011, 2023, 2035

• နဂါးနှစ်  👉  1928, 1940, 1952, 1964, 1976, 1988, 2000, 2012, 2024, 2036

• မြွှေနှစ်  👉 1929, 1941, 1953, 1965, 1977, 1989, 2001, 2013, 2025, 2037

• မြင်းနှစ်  👉 1930, 1942, 1954, 1966, 1978, 1990, 2002, 2014, 2026, 2038

• ဆိတ်နှစ်  👉  1931, 1943, 1955, 1967, 1979, 1991, 2003, 2015, 2027, 2039

• မျောက်နှစ်  👉  1932, 1944, 1956, 1968, 1980, 1992, 2004, 2016, 2028, 2040

• ကြက်နှစ်  👉  1933, 1945, 1957, 1969, 1981, 1993, 2005, 2017, 2029, 2041

• ခွေးနှစ်  👉 1934, 1946, 1958, 1970, 1982, 1994, 2006, 2018, 2030, 2042

• ဝက်နှစ်  👉 1935, 1947, 1959, 1971, 1983, 1995, 2007, 2019, 2031, 2043


မိမိကိုယ်ကိုယ်မထိခိုက်စေပဲ အသိသတိလေးဖြင့် ဂိမ်းများကို ဖျော်ဖြေမှု‌အနေနဲ့ ပျော်ရွှင်စွာကစားကြပါစို့။ACE Fair Games Union မှ Website ကို လာရောက်လေ့လာသူအားလုံးကိုကျေးဇူးတင်ပါတယ် ပျော်ရွှင်သောနေရက်လေးဖြစ်ပါစေ။


18 views0 comments

Comments


bottom of page