top of page

Christmas Day အကြောင်း


chrismas bauble
Christmas Day

ခရစ်စမတ်နေ့ Christmas Day

Christmas အတိုကောက် ( X ) အက္ခရာဟာဂရိစကားလုံး Christo ကဆင်းသက်လာတယ်။ခရစ်ယန်ဘုရားကျောင်းများပေါ်ထွန်းလာတဲ့ရှေးဦးပိုင်းကာလမှာဘုရားကျောင်းအသင်းဝင်ကိုအခြင်းခြင်းသိအောင် (X) လျှိဝှက်သင်္ကတပေးထားခဲ့တာ။ Christo ကနေအင်္ဂလိပ်စကာလုံး Christ ဖြစ်လာတာပါ။ Mas ကလူအများစုဝေးကြခြင်း၊ဒါကြောင့် X-Mas ဆိုတာ Christ Mass ကဆင်းသက်လာတာပါ။ ခရစ်စမတ်နေ့ Christmas Dayဆိုတာယေရှုခရစ်တော်ဖွားမြင်တဲ့နေ့လည်းဖြစ်ပါတယ်။ ရောမဧကရဇ် ကွန်စတန်တင်လက်ထက်ခရစ်သက္ကရဇ် ၃၆၆ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပထမဆုံးခရစ်စမတ်နေ့အဖြစ်စတင်သတ်မှတ်ပြီးကမ္ဘာအရပ်ရပ်ခရစ်ယန်ဘာသာဝင်ရဲ့ဘာသာရေးဆိုင်ရာအားလပ်ရက်ဖြစ်ပါတယ်။ ရောမဧကရဇ် ကွန်စတန်တင်(Constatine) ဟာပထမဦးဆုံးခရစ်ယန်ဘာသာဝင်ရောမဘုရင်ဖြစ်ပါတယ်။ ခရစ်ယန်သမ္မာကျမ်းစာအရယေရှုခရစ်တော်ကို အခုအစ္စရေးနိုင်ငံက ဘက်သလီဟမ်( Bethlehem) မှာ BC 6-1 (Before Christ ၆-၁ ရာစုအကြားစက်တင်ဘာလလယ်(သိုမဟုတ်)အောက်တိုဘာလဆန်းမှာမွေးဖွားခဲ့တယ်ခန့်မှန်းဖေါ်ပြထားတယ်။ ဒါပေမယ့်ခရစ်ယန်အများစုက ဒီဇင်ဘာ ၂၅ ရက်နေ့ကိုယေရှခရစ်တော်မွေးနေ့ယုံကြည်ကြတယ်။

ခရစ်စမတ်သစ်ပင်

ခရစ်စမတ်သစ်ပင်က ခရစ်စမတ်ပွဲတော်နဲ့အတူ အမြဲတွဲတွေ့ရတဲ့ အမှတ်အသားတစ်ခုပါ။ ခရစ်စမတ်သစ်ပင်ကို တချိုက ရှေးရောမအင်ပါယာက Saturanalia လူမျိုးတွေရဲ့ ရိုးရာနတ်ပွဲမှာ အသုံးပြုခဲ့တဲ့ အမြဲစိမ်းသစ်ပင်က စတင်တယ်လို ဆိုပါတယ်။ ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်မှာ ဂျာမန်လူမျိုးတွေက အသုံးပြုခဲ့တယ်လို သိရပါတယ်။ ခရစ်စမတ်သစ်ပင်က တြိဂံပုံစံ အခြေကြီးမားပြီး အပေါ်ကျဉ်းမြောင်းသွားကာ အဖျားချွန်းပြီး ထိပ်ဆုံးမှာတော့ ကြယ်တစ်စင်းရှိရပါတယ်။ အဲဒီတြိဂံပုံစံရှိတဲ့ သစ်ပင်ကိုသူတော်စင် Saint Boniface က ပြုလုပ်ခဲ့တာပါ။ Christmas tree ဆိုတဲ့ အင်္ဂလိပ်နာမည်အသုံးကတော့ ၁၈၃၅ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ အခုခေတ် ခရစ်စမတ်သစ်ပင်တွေမှာ လက်ဆောင်ပစ္စည်းများ၊ မီးလုံးများနဲ့ အလှဆင်လာကြပါတယ်။

ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး)

ဆန်တာကလော့စ်လို ပြောလိုက်တာနဲ့ ဘယ်သူမဆို ခရစ်စမတ်ဘိုးဘိုးလို ပြောကြမှာပါ။ ကလေးတွေကတော့ လက်တွေ့ဘဝမှာ ဆန်တာကလော့စ် (ခရစ်စမတ်ဘိုးဘိုး) ရှိတယ်လို ထင်နေပြီး ခရစ်စမတ်နေ့ရက်တိုင်း လက်ဆောင်ပေးမဲ့ ခရစ်စမတ်ဘိုးဘိုးကို မျှော်နေကြတုန်းပါပဲ။ တကယ်တော့ ဆန်တာကလော့စ်က ကက်သလစ် ခရစ်ယာန် ရဟန္တာ စိန့်နီကိုးလပ် (Saint Nicholas) ဖြစ်ပါတယ်။ စန့်နီကိုးလပ်ကို အေဒီ ၂၈၀ ဝန်းကျင်မှာ မွေးဖွားခဲ့တယ်လို ယုံကြည်ထားကြပါတယ်။ သူဟာ ပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ပေးပစ်တာ၊ ကျေးလက်ဒေသတွေကို ခရီးထွက်ပြီး ဆင်းရဲချိုတဲ့တဲ့သူတွေကို ကူညီတာတွေလုပ်ခဲ့တယ်လို ပြောကြပါတယ်။ သူ့ကို လူတိုင်းက ကြည်ညိုလေးစားကြပြီး ကလေးတွေနဲ့ လူကြီးတွေအတွက် ကာကွယ်စောင့်ရှောက်သူဖြစ်လာခဲ့ပါတယ်။ သူ သေဆုံးတဲ့နေ့ ဒီဇင်ဘာလ (၆) ရက်နေ့ရက်တိုင်း သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပျော်ပွဲရွှင်ပွဲပြုလုပ်ကြပါတယ်။ ခရစ်စမတ်အချိန်အခါဆိုရင် စိန့်နီကိုးလပ်က လက်ဆောင်ပစ္စည်းများ ယူဆောင်လာတယ်လို ယူဆပြီး ခရစ်စမတ်ဘိုးဘိုးပေါ်ပေါက်လာခဲ့ပါတယ်။ အခုခေတ် ကျွန်တော်တို မြင်တွေ့နေရတဲ့ ဆန်တာကလော့စ်ဘိုးဘိုးပုံစံက အမေရိကန်နိုင်ငံသား သောမတ်စ် နက်စ် (Thomas Nast) က အိမ်နီးနားချင်း ပုပုဝဝနဲ့အဘိုးအိုကြီး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ကလေးတွေကို လက်ဆောင်ပေးတာကို မြင်ယောင်ပြီး ဖန်တီးရေးဆွဲခဲ့တာဖြစ်ပါတယ်။

ခရစ်ယန်ဘာသာဝင်တိုရဲ့ခရစ်တော်နေ့မှာ ကျတော်တို့ ACE အဖွဲ့သားများမှ “ ဘုရားသခင်ကောင်းချီးပေးပါစေ “ God Bless you all “ လိုဆုတောင်းပေးချင်တယ်။


မိမိကိုယ်ကိုယ်မထိခိုက်စေပဲ အသိသတိလေးဖြင့် ဂိမ်းများကို ဖျော်ဖြေမှု‌အနေနဲ့ ပျော်ရွှင်စွာကစားကြပါစို့။ACE Fair Games Union မှ Website ကို လာရောက်လေ့လာသူအားလုံးကိုကျေးဇူးတင်ပါတယ် ပျော်ရွှင်သောနေရက်လေးဖြစ်ပါစေ။



6 views0 comments

Comments


bottom of page