top of page

အားလုံး စောင့်မျှော်နေကြတဲ့ ယူရို၂၀၂၄ ကြီးလာပါပြီ။

ကမ္ဘာ့ဖလားပြီးရင် လူကြိုက်အများဆုံး ယူရို၂၀၂၄ ဘောလုံးပြိုင်ပွဲကြီး ကိုဇွန်လ ၁၄ရက် သောကြာနေ့မှာ စတင်ပါတော့မယ်။ ယူရို ၂၀၂၀ တုန်းကတော့ ကိုဗစ်ဖြစ်နေလို့ ၂၀၂၁မှ ပြန်လည်ကျင်းပခဲ့ရပါတယ်။ ယူရို၂၀၂၄ ကျင်းပတဲ့နိုင်ငံက ဂျာမနီနိုင်ငံဖြစ်ပြီး ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်ထိ တစ်လတိတိကျင်းပမှာဖြစ်ပါတယ်။ ယူရို ၂၀၂၄မှာ အိမ်ရှင်ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီ ၂၄ နိုင်ငံမှာ ဂျော်ဂျီယာနိုင်ငံက ပထမဆုံးယူရိုပါဝင်ခွင့်ရတဲ့နိုင်ငံဖြစ်ပါတယ်။ ယူရိုရဲ့လက်ရှိချန်ပီယံက အီတလီဖြစ်ပြီး ၂၀၂၁ တုန်းက အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင်ပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။


ဂျာမနီဟာ ယူရိုပြိုင်ပွဲကျင်းပခွင့်ရဖို့ တူရကီနိုင်ငံနဲ့အပြိုင်ကြိုးစားခဲ့ရပြီး ၂၀၁၈ ကတည်းက အိမ်ရှင်အဖြစ် သတ်မှတ်ခံထားရတာပါ။ ယူရိုပွဲကျင်းပဖို့ လက်ခံကျင်းပမယ့်နိုင်ငံက ပရိသတ်အနည်းဆုံးသုံးသောင်းလောက်ဆန့်တဲ့ကွင်း ၁၀ကွင်းရှိမှ လက်ခံလို့ရတာပါ။ ပါဝင်ယှဉ်ပြိုင်တဲ့ ၂၄သင်းမှာ အိမ်ရှင်ဂျာမနီဖယ်လိုက်ရင် ကျန်တဲ့ ၂၃ သင်းက ခြေစစ်ပွဲဝင်ရပါတယ်။ အဲဒီ ၂၃ သင်းထဲက အသင်း ၂၀ ကတိုက်ရိုက်ခြေစစ်ပွဲအောင်ပြီး ကျန်တဲ့သုံးသင်းကတော့ Play off ကစားပြီးတက်လာတာပါ။ Playoff က တက်ခဲ့တဲ့ သုံးသင်းက ဂျော်ဂျီယာ၊ ယူကရိန်းနဲ့ ပိုလန်အသင်းတွေပဲဖြစ်ပါတယ်။


ဒီနှစ်ပြိုင်ပွဲမှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ အိမ်ရှင်ဂျာမနီ၊ လက်ရှိယူရိုချန်ပီယံအီတလီ၊ ယူရိုဒုတိယ အင်္ဂလန်၊ ကမ္ဘာ့ဖလားဒုတိယ ပြင်သစ်၊ ကမ္ဘာ့ဖလား တတိယဆုရ ခရိုအေးရှားတို့ပါတယ်။ ဒါ့အပြင် ယူရိုခြေစစ်ပွဲတစ်လျောက်အစွမ်းပြခဲ့တဲ့ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားတို့လည်း ပါတယ်။ ထိပ်တန်းအသင်းတွေဆိုရင် ဆွီဒင်၊ နော်ဝေနဲ့ ဝေးလ်တို့က ခြေစစ်ပွဲကပြုတ်ခဲ့ပါတယ်။ ရုရှားကတော့ ယူကရိန်းကို ဝင်တိုက်နေလို့ တားမြစ်ခံခဲ့ရတာပါ။


ယူရိုပြိုင်ပွဲအသင်းတွေအနေနဲ့ တစ်သင်းမှာအနည်းဆုံးကစားသမား ၂၃ ယောက်ကနေ ၂၆ယောက်ထိ ပါဝင်ခွင့်ရှိပါတယ်။ အပြီးသတ်လူစာရင်းတွေကို ဇွန်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး ယူအီးအက်ဖ်အေဆီ တင်ပြရပါတယ်။



ronaldo,messi,mbappe
The long awaited Euro 2024 has arrived

ယူရို ၂၀၂၄ ရဲ့ တရားဝင် သီချင်းက " Fire " ဖြစ်ပြီး အီတလီ DJ Meduza, အမေရိကန် နာမညည်ကြီး One Republic နဲ့ ဂျာမနီအဆိုတော် လီယိုနေးလ် တို့က ဖန်တီးထားတာဖြစ်ပါတယ်။ ယူရို၂၀၂၄ လာဘ်ကောင်ကတော့ ဝက်ဝံလေး အဲလ်ဘတ် ဖြစ်ပါတယ်။ စပွန်ဆာတွေအနေနဲ့ အမေရီကန် ၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတွေက စပွန်ဆာအများဆုံးပါဝင်ပြီး၊ ထူးခြားချက် အနေနဲ့ တရုတ်နိုင်ငံရဲ့ Alibaba အုပ်စု ကစပွန်ဆာပေးထားတာလည်းတွေ့ရပါတယ်။ ပြိုင်ပွဲရဲ့ အဓိက စပွန်ဆာက Adidas ဖြစ်ပြီး ပြိုင်ပွဲဘောလုံးနဲ့ အသင်းကြီးတစ်ချို့ဝတ်စုံတွေကို စပွန်ဆာပေးထားပါတယ်။


ယူရို၂၀၂၄ က ဘတ်ဂျတ်အင်အားတောင့်တင်းသလို ရုပ်သံကနေ ဝင်ငွေအမြောက်အများ ရဖို့ ရည်မှန်းထားတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ဗိုလ်စွဲမယ့် အသင်းတွေထဲမျာ ပရီးမီးယားလိဂ် ကြယ်ပွင့်တွေပါတဲ့ အင်္ဂလန်အသင်းက ထိပ်တန်းကပါဝင်နေပါတယ်။ အင်္ဂလန်ရဲ့နောက်မှာ ပြင်သစ်၊ အီတလီ၊ ဂျာမနီအသင်းတွေလည်း ဗိုလ်စွဲဖို့ရေပန်းစားနေပါတယ်။


ယူရို၂၀၂၄မှာ ဘယ်အသင်းတွေ ခြေစွမ်းပြပြီး ဘယ်အသင်းတွေမထင်မှတ်တာလုပ်ပြမလဲဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရပါတော့မယ်။


ဘောလုံးဝါသနာရှင် ညီကိုများအတွက် ACE မှာရှိတဲ့ ဂိမ်းဆိုက်ဒ်တွေမှာ ဘော်ဒီ-မောင်းတို့ကို နိုင်ငံတကာကြေးနဲ့ စိတ်ကြိုက်ကစားနိုင်နေပြီပဲဖြစ်ပါတယ်။

ဘောလုံးကစားရန် ဂိမ်းဆိုက်များကို ဒီမှရှာပါ။

 
 
 

Comments


Ace Fair Games Union  Logo's logo

၂၀၁၆ ခုနှစ်မှ စတင်ခဲ့သော ACE FAIR GAMES UNION တွင် အာမခံချက် အပြည့်အ၀ရှိသော ဂိမ်းဆိုက်ဒ်များစွာရှိသည့်အပြင် အွန်လိုင်းကာစီနိုနဲ့ပါတ်သတ်သော ဆောင်ရန်ရှောင်ရန်များ သိထားသင့်သော အကြောင်းအရာများနှင့် အတန်ဆုံးသော ပရိုမိုးရှင်းများကို အစဉ်မပျက် နေ့စဉ်တင်ဆက်နေသော ဝက်ဘ်ဆိုက်ဒ်ကြီးဖြစ်ပါတယ်။

ace game providers
  • ACE Youtube
  • ACE Pinterest
  • Telegram
  • Facebook
bottom of page