top of page

PG စလော့ထဲက ကံကောင်းစေတဲ့ ( Lucky Neko ) လာဒ်ခေါ်ကြောင်ရုပ်လေးအကြောင်း

PG စလော့ထဲက Lucky Neko (သို့) Fortune Cat လို့ခေါ်ကြတဲ့ ကံကောင်းစေတဲ့ ကြောင်ရုပ်လေးအကြောင်းကို မိတ်ဆွေတို့ ကစားရတာပိုပြီးပျော်စရာကောင်းအောင် ဇာတ်လမ်းလေးကိုအရင်ဆုံးဖတ်ရှုစေချင်ပါတယ်။

pg lucky neko
lucky neko

ထိုင်းမှာတော့ ငွေခေါ်ကြောင်ရုပ်လေးလို့ခေါ်ကြပါတယ်။ အဲ့ဒီ ကြောင်ရုပ်လေးဟာ ရှေးခေတ်ဂျပန် အဲဒိုခေတ်တုန်းက အမှတ်အသားတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံထဲကအယူအဆနဲ့ဆိုရင် ကံကောင်းစေတယ် ငွေဝင်စေတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဒဏ္ဍာရီထဲကပြောပြထားခဲ့ဖူးတာကတော့ ဒီငွေခေါ်ကြောင်လေးက လူတစ်ယောက်ကို အသက်ကယ်ပေးဖူးတယ်တဲ့။ တစ်နေ့သောအခါမှာ အရိပ်အာ၀ါသကောင်းလှတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ခရီးသွားသမားတစ်ယောက်ကို ဘုန်းကြီးကျောင်းထဲကို၀င်ဖို့ ကြောင်လေးဟာ လက်ခလေးမြှောက်ပြီး ညွှန်ပြလိုက်ပါသတဲ့။ အဲ့ဒီ ခရီးသွားသမားဟာ ကြောင်လေးနောက်ကနေ ဘုန်းကြီးကျောင်းထဲကိုလိုက်၀င်သွားခဲ့ပါတယ်။ မကြာခင်မှာပဲ မိုးအသဲသန်ရွာချလာပြီး ခုနအဲ့လူကြီးအနားယူခဲ့တဲ့သစ်ပင်ကြီးကို မိုးကြိုးပစ်ချပါလေရော အဲ့လူကြီးဟာ အဲ့သြသွားပြီး ကြောင်လေးကိုကျေးဇူးတင်ခဲ့ပါတယ်။ အဲ့ချိန်ကစပြီး ကံကောင်းစေတဲ့ ကြောင်လေးဆိုပြီး ( Lucky Neko ) ဆိုတဲ့ ကြောင်ရုပ်အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ် ။ လက်ခလေးမြောက်ပြီး ယှက်ခေါ်နေတဲ့အမူအရာလေးက ပိုင်ရှင်အတွက်ကံကောင်းစေတာမို့ မြန်မာပြည်မှာက စီးပွားရေးလုပ်ကြတဲ့ လုပ်ငန်းရှင်တော်တော်များများဟာလဲ အသုံးပြုလာကြတာ မိတ်ဆွေတို့လဲ မြင်ဖူးပြီးသားဖြစ်မှာပါနော်။

4 views0 comments

Comments


bottom of page